ရွှေဒိုးနွယ်ကျောင်း ( ထေရဝါဒ )

Date of Project : 2019
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : စဉ့်ကူးမြို့နယ်၊ပြင်ဦးလွင်ခရိုင်၊မန္တလေးတိုင်း။
Categories : ၅ ခန်းပါ ၁ ထပ်စာသင်ဆောင်။

About Project

ရွှေဒိုးနွယ်ကျောင်းသည် စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရာ တောင်တန်းတစ်ခုတွင် တည်ရှိသည်။ ထိုကျောင်းရှိ ကျောင်းသားများ၏မိဘများသည် မီးသွေးဖုတ်သည့် အလုပ်သမားများ ‌ရွှေတူးဖော်သည့်အလုပ်သမား မိသားစု များဖြစ်ကြသည်။

ထိုကျောင်းသည် မူလတန်းလွန်အဆင့်ရှိသော ကျောင်းဖြစ်သည်။ Grade 9 နှင့် Grade 10 အထိသင်ကြားပေး လိုသော်လည်း သင်ကြားမည့်ဆရာအခက်အခဲရှိနေသောကြောင့် မသင်ကြားဘဲရပ်ခဲ့ရသည်ဟုသိရသည်။ ယာယီစာသင်ခန်း ၃ ခန်းသာရှိပြီးကျန်စာသင်ခန်းများမှာတဲသာသာ အဆောက်အဦများဖြစ်သည်။

သွားရေးလာရေးအလွန်ခက်သည့်အတွက် အလှူရှင်လာရောက်မှု အနည်းဆုံးကျောင်းဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသပ်ရပ်သော စာသင်ခန်း ( ၅ ) ခန်းပါသည့်‌ ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းဖြစ်ခဲ့သည်။

Project Location