
လွင်ဦးကျောင်း
Date of Project : | 2019 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ကင်းရွာ၊ တောင်ကံအုပ်စု၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း။ |
Categories : | ၅ ခန်းပါ ၁ ထပ်စာသင်ဆောင်။ |
About Project
လွင်ဦးကျောင်းသည် မတ္တရာမြို့နယ်အတွင်းရှိ မြို့နှင့်အလှမ်းဝေးသည့် ကျောင်းတစ်ကျောင်းဖြစ်ကာ မှန်စီ ဆရာတော်မှကူညီဆောင်ရွက်ပေးနေသည့် ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။ ကျောင်းသားဦးရေ ( ၂၆၀ ) ကျော်ရှိပြီး စာသင်ကျောင်းဆောင်မှာ မြေစိုက်ထရံကာသွပ်မိုးကျောင်းဆောင်ဖြစ်သည်။ KG စသောကလေး ငယ်များမှာ ယာယီကျောင်းဆောင်တွင်သာ သင်ကြားနေကြရသည့်အတွက် ကလေးများကောင်းမွန်လုံခြုံစွာ သင်ကြားနိုင်မည့် စာသင်ဆောင်တစ်ဆောင်ကို ဆရာတော်မှအလှူခံလာသည့်အတွက် စာသင်ခန်းငါးခန်းပါ တစ်ထပ်စာသင်ဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။