
ရွှေဘုံသာကျောင်း
Date of Project : | 2017 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | လိမ်ပင်ရွာ၊ပုသိမ်ကြီးမြို့နယ်။ |
Categories : | ပထမထပ်နှင့် ဒုတိယထပ်တွင် စာသင်ခန်း ၈ ခန်း ရုံးခန်း၂ခန်း + ၄ ခန်းပါ ၂ ထပ်စာသင်ဆောင် + ကွန်ပျူတာခန်း |
About Project
ကျောင်း၏မူလစာသင်ခန်းများသည် ကျဉ်းမြောင်းပြီးမဲမှောင်ကာ စာသင်ခန်းမလုံလောက်တော့သဖြင့် အလှူငွေ များကောက်ခံပြီး စာသင်ခန်း ၈ ခန်းနှင့် ဆရာ ဆရာမရုံးခန်း ( ၂ ) ခန်းပါ အဆောင်တစ်ဆောင် ကိုဆောက်လုပ်နေခဲ့သည်။ ကျောင်းဆရာတော်ကြီးသည် သက်တော်ကြီးပြီး မျက်စိနှစ်ဖက်လုံးမှာလည်း ကောင်းစွာအမြင်အာရုံမရှိတော့ပါ။ ဆရာတော်ကြီးကျန်းမာရေးချို့တဲ့နေသလို အလှူငွေရရှိမှုမှာလည်းနည်း ပါးလာခဲ့သည်။ ထိုဆောက်လုပ်ဆဲ အဆောင်မှာလည်းအလှူငွေမရရှိမှုကြောင့် ရပ်တန့်နေခဲ့သည်။ ထို့ကြောင့် ထိုအဆောက်အဦပြီးမြောက်နိုင်ရန်အတွက် လှူဒါန်းပေးခဲ့သည်။ ကျောင်းသို့နောက်တကြိမ်သွားရောက်လေ့လာပြီး စနစ်သစ်ပညာရေးနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ကျဉ်းမြောင်းလှသည့် စာသင်ဆောင်နေရာတွင် ၂ ထပ်စာသင်ဆောင်အသစ် ထပ်မံဆောက်လုပ်လှူဒါန်းခဲ့သည်။ ကျောင်း၏စွမ်းဆောင်စီမံမှုကောင်းမွန်မှုကြောင့် ကျောင်းသားများ ကွန်ပျူတာလေ့လာသင်ကြားနိုင်ရန်အတွက် ကွန်ပျူတာ ၃၁ လုံးကိုလည်းလှူဒါန်းခဲ့သည်။