
ကံကြီးကုန်းကျောင်း
Date of Project : | 2017 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ၄၉လမ်းနှင့်၅၁လမ်းကြား၊ကျန်စစ်သားလမ်း၊မန္တလေးတိုင်း |
Categories : | ၆ ခန်းပါ ၂ ထပ် + ၄ခန်းပါ ၂ထပ် + ၂ခန်းပါ ၂ ထပ် = စုစုပေါင်း စာသင်ခန်း၂၄ခန်း + ကွန်ပျူတာခန်း |
About Project
ကံကြီးကုန်းကျောင်းသည် ကျောင်းသားကျောင်းသူ ၁၉၀၀ ကျော်ရှိသော်လည်း စာသင်ခန်း စာသင်ခုံ လုံလောက်မှုမရှိသောကြောင့် အတန်းတော်တော်များများမှ ကလေးငယ်များသည် ကြမ်းပြင်တွင်ထိုင်ပြီး စာသင်ကြားနေသည့် အခြေအနေဖြစ်သည်။ ထိုကျောင်းသည် KG မှ Grade 10 အထိသင်ကြားပေးပြီး မန္တလေးမြို့၏ မြို့သစ်ပိုင်းဖြစ်ခြင်းကြောင့် အိမ်ထောင်စုဦးရေများပြားလှသည့်အတွက် ကျောင်းသားဦးရေလည်း များပြားရခြင်းဖြစ်သည်။ ထို့ကြောင့် စာသင်ခန်း ၁၂ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကိုလှူဒါန်းခဲ့သည်။
ကျောင်းဆောင်ပြီးစီးသည့်နောက် သွားရောက်ကြည့်ရှုရာ ကျောင်းမှာယခင်ကထက် သန့်ရှင်းသပ်ရပ်မှုရှိသည်ကို တွေ့ရသည်။ ဆရာ၊ဆရာမများလည်း စာကောင်းစွာသင်နိုင်ပြီး ကလေးများသည်လည်း ပညာရေးကောင်းမွန်လာသဖြင့် အခြားကျောင်းသားမိဘများမှလည်း လာရောက်အပ်နှံကြသည့်အတွက် ကျောင်းသားဦးရေမှာ ၂၉၀၀ အထိတိုးလာတာကြောင့် စာသင်ခန်းလိုအပ်ချက် ဖြစ်ပေါ်နေပြန်သောကြောင့် ဆရာတော်ထံထပ်မံရောက်ရှိ ခဲ့ရပြန်သည်။
ထို့ကြောင့် စာသင်ခန်း ၈ ခန်းပါ ၂ ထပ်ကျောင်းဆောင်နှင့် ကွန်ပျူတာ ၃၁ လုံးကိုပါ ထပ်မံလှူဒါန်းခဲ့သည်။ စနစ်သစ်ပညာရေးသင်ရိုးသစ်တွင် Grade 12 အထိသင်ကြားရမည်ဖြစ်သောကြောင့် ထိုအတန်းများအတွက်ပါ စာသင်ခန်း လုံလောက်မှုရှိစေရန် ဒုတိယလှူဒါန်းထားသည့် ကျောင်းဆောင်ဘေးမြေနေရာတွင် စာသင်ခန်း ၄ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကို ထပ်မံလှူဒါန်းခဲ့ပြီး နောက်ထပ် ကွန်ပျူတာ ၁၅ လုံးကိုပါဖြည့်စွက်လှူဒါန်းခဲ့သည်။