မဟာဂန္ဓာရုံကျောင်း

Date of Project : 2017
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : အမရပူရ၊ဦးပိန်တံတားဘေး၊မန္တလေးမြို့။
Categories : ၁၀ ခန်းပါ ၂ ထပ်စာသင်ဆောင်။

About Project

မဟာဂန္ဓာရုံကျောင်းသည် လွန်ခဲ့သော အနှစ် ၂၀ ကတည်းက ဖွင့်လှစ်ခဲ့သောကျောင်းဖြစ်ပြီး ဘုန်းကြီးများကိုယ်တိုင် စာသင်ကြားပေးသည့်ကျောင်းလည်းဖြစ်သည်။ ဘကကျောင်းနှင့် အတူပရိယတ္ထိ စာသင်တိုက်လည်းရှိသည်။ ထိုကျောင်းသည် ယဉ်ကျေးလိမ္မာသင်တန်းများ ၊ အင်္ဂလိပ်စာသင်တန်းများ ၊ ဂျပန်စာများကိုလည်း သင်ကြားပေးသည်ဟုသိရသည်။ ကိုးတန်း ဆယ်တန်း ကျောင်းသားများကိုလည်း ညနေပိုင်း ကျူရှင်သင်ကြားပေးသည်။ ဆရာတော်များကိုယ်တိုင် သင်ကြားပေးသည့်အတွက် ကလေးများမှာယဉ်ကျေး လိမ္မာကြသည်။ စာသင်ခန်းများမှာ သေးသေးရှည်ရှည် အခန်းများဖြစ်သည်။ ဆရာတော်အနေဖြင့် Grade 9 အထိသင်ကြားပေးပြီး  Grade 10 ကိုပါဆက်လက်သင်ကြားရန်စီမံထားခြင်း ၊ တချို့အတန်းများမှာ သစ်ပင်‌ အောက်တွင် သင်ကြားရခြင်းတို့ကြောင့် စာသင်ခန်းထပ်မံလိုအပ်လျက်ရှိပါသည်။ စည်းကမ်းကောင်းမွန်ခြင်း ၊ သန့်ရှင်းသပ်ရပ်မှုရှိခြင်းတို့ကြောင့်  စာသင်ခန်း ၁၀ ခန်းပါ ၂ ထပ် ကျောင်းဆောင်ကို လှူဒါန်းခဲ့သည်။

Project Location