ချောင်းကြီး‌ကျောင်း

Date of Project : 2017
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : ချောင်းကြီးရွာ၊သပိတ်ကျင်း။
Categories : (၆ခန်းပါ ၂ ထပ်စာသင်ဆောင်+၄ ခန်းပါ ၂ ထပ်စာသင်ဆောင်)စုစုပေါင်း၁၆ခန်း + ကွန်ပျူတာခန်း

About Project

ချောင်းကြီးကျောင်း သည်မူလတန်းလွန်‌ကျောင်းဖြစ်ပြီး Grade 8 အထိသင်ကြားပေးနေသည့်ကျောင်းဖြစ်သည်။ ကျောင်းသားဦးရေ ၇၅၀ ကျော်ရှိပြီး စာသင်ကျောင်းဆောင် တစ်ဆောင်မျှ မရှိဘဲ  ယာယီကျောင်းဆောင်များ တွင်သာ စာသင်ကြားနေရသည်။ ချောင်းကြီးကျောင်းသည် မန္တလေးမြို့နှင့် ဝေးသည့် သပိတ်ကျင်းမြို့တွင် တည်ရှိပြီးအနီးအနားတွင်လည်း စာသင်ကျောင်းမရှိပါ။

ထိုကျောင်းသည် စာသင်ကျောင်းကို အမှန်တကယ်လိုအပ်လျက်ရှိပြီး ဆရာတော်သည်လည်း Grade 10 အထိပညာ သင်ကြားပေးနိုင်ရန်စိတ်ကူးရှိသည်ဟုသိရသည်။ ထို့ကြောင့် စာသင်ခန်း ၁၂ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆရာတော်သည် စာသင်ဆောင် အသစ်ရရှိပြီးနောက်  Grade 9 အထိတိုးမြှင့်သင်ကြားပေးရာ ကျောင်းသားဦးရေမှာ တစ်ထောင်ကျော်အထိ တိုးတက်ခဲ့ပြန်သဖြင့် ကျောင်းဆောင်မလုံလောက်မှုဖြစ်လာခဲ့ပြန်သည်။ ယခုကဲ့သို့  တိုးတက်ပြောင်းလဲလာခြင်းသည် ကလေးများ အနာဂါတ်အတွက် ပညာရေးအထောက်အပံ့ကောင်းများ ဖြစ်ပေါ် သည့်အတွက် နောက်ထပ် စာသင်ခန်း ၄ ခန်းပါ ၂ ထပ်စာသင်ကျောင်းဆောင်နှင့် ကွန််ပျူတာ အလုံး (၃၀ ) ကိုပါ လှူဒါန်းခဲ့သည်။

Project Location