
နေမင်းကျောင်း
Date of Project : | 2018 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ပြည်ကြီးတံခွန်၊ချမ်းမြသာစည်။ |
Categories : | ၂၁ပေx၆၅ပေ ၂ထပ်အိပ်ဆောင်နှင့်ကုတင် + ၈ ခန်းပါ ၂ ထပ်စာသင်ဆောင်။ |
About Project
နေမင်းကျောင်းတွင်ရှိသော ကလေးများသည် ပအိုဝ့်တိုင်းရင်းသားများဖြစ်ပြီး မြန်မာစကားပင်ကောင်းစွာ မပြောတတ်သည့် ကလေးများဖြစ်သည်။ ပညာသင်ကြားရန်အတွက် မြန်မာစကားကိုဦးစွာသင်ကြားပြီးမှ စာသင် ကြရသည့်ကျောင်းဖြစ်သည်။ KG မှ Grade 5 အထိ ကျောင်းသားဦးရေ (၂၃၅ )ဦးရှိပြီး အားလုံးလိုလိုသည် ကိုရင်ငယ်လေးများဖြစ်သည်။ Grade 6 မှ Grade 10 အထိကျောင်းသားများသည် အခြားအစိုးရကျောင်းများသို့ သွားတက်ရပြီး ကျောင်းအိပ်ကျောင်းစား ၂၅၀ ကျော်ရှိသည့်အတွက် အိပ်စရာနေရာအခက်အခဲဖြစ်ပြီး စာသင်ခန်းများ ၊ ဘုရားခန်းများတွင် အဆင်ပြေသလို အိပ်ရသည့်အခြေအနေဖြစ်သည်။ ထိုကျောင်းရှိ ကလေး များသည် ရပ်ဝေးမှလာရောက်ပညာသင်ကြားသည့် ကလေးများဖြစ်သည့်အတွက် အိပ်ဆောင် လိုအပ်နေခြင်းကြောင့် ၂ ထပ်ကုတင်ပါ ၂ ထပ်အိပ်ဆောင်တစ်ဆောင်ကို လှူဒါန်းခဲ့သည်။
ထိုအိပ်ဆောင်ပြီးစီးသောအခါ ကျောင်းသားဦးရေ ၃၀၀ ကျော်အထိတိုးတက်လာသည့်အတွက် ကျောင်းဆောင် လိုအပ်ချက်ထပ်မံဖြစ်ပေါ်လာပြန်သည်။ ဆရာတော်သည် ၎င်း၏ကျောင်းဆောင်ဟောင်းကို ဖျက်ပြီး ကျောင်းဆောင်သစ်ဆောက်ရန် သဘောတူသည့်အတွက် စာသင်ခန်း ၈ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကို လှူဒါန်းခဲ့သည်။