
မဟာသုခသမ္ပတ္တိကျောင်း
Date of Project : | 2018 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | စက်မှု ၂ ကနောင်မင်းသားကြီး(၅၃)လမ်း၊ပြည်ကြီးတံခွန်မြို့။ |
Categories : | ၈ခန်းပါ ၂ထပ်စာသင်ဆောင်+၃ ခန်းပါ၁ထပ်စာသင်ဆောင် စုစုပေါင်း ၁၁ ခန်း။ |
About Project
မဟာသုခသမ္ပတ္တိကျောင်းထူထောင်ခဲ့သည်မှာ ၇ နှစ်ရှိပြီဖြစ်သော်လည်း ကျောင်းဆောင်မရှိသေးသောကြောင့် ဓမ္မာရုံအဆောက်အဦတစ်ခုကို ခေတ္တငှါးရမ်းကာ သင်ကြားနေရသော ကျောင်းဖြစ်သည်၏။ ငှါးရမ်းထားသော အဆောက်အဦးဖြစ်သောကြောင့် အခန်းကာရံရန်မဖြစ်နိုင်သောကြောင့် စာသင်ချိန်တွင် စာသင်သံများ ရောထွေးဆူညံနေသောကြောင့် ကောင်းစွာ စာသင်ကြားပေးနိုင်ရန်အတွက် ဆရာတော်မှ ပန်းသီးဖောင်ဒေးရှင်းသို့ ကျောင်းဆောင်လျှောက်ထားခဲ့သည်။
အခန်း ၈ ခန်းပါ ကျောင်းဆောင်တစ်ဆောင်ဆောက်လုပ်ရန် သဘောတူညီခဲ့သော်လည်း ဆောက်လုပ်မည့် အချိန်တွင် ကျောင်းဆောင်ဆောက်လုပ်မည့်မြေနေရာမှာ လျှပ်စစ်ဓါတ်ကြိုးများနှင့်မလွတ်သောကြောင့် နေရာ ရွှေ့ကာဆောက်လုပ်ခဲ့ရသည်။
ကျောင်းဆောင်ဆောက်လုပ်ပြီးစီးချိန် သွားရောက်ကြည့်ရှုသောအခါ ကျောင်းသားဦးရေ ၃၃၀ အထိလျင်လျင် မြန်မြန်တိုးတက်လာခဲ့သောကြောင့် ဆရာတော်မှလည်း Grade 8 နှင့် Grade 9 ကိုပါ တိုးချဲ့သင်ကြားပေး လိုသည့်အတွက် စာသင်ခန်း ၃ ခန်းပါ တစ်ထပ်စာသင်ကျောင်းဆောင်တစ်ဆောင်ကို ထပ်မံလှူဒါန်းပေးခဲ့သည်။