သစ္စဝေဒဂူကျောင်း

Date of Project : 2018
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : ရေတံခွန်တောင် ပုသိမ်ကြီး။
Categories : ၁၀ခန်းပါ၂ထပ်စာသင်ဆောင်+၆ခန်းပါ၂ထပ်စာသင်ဆောင် စုစုပေါင်း ၁၆ခန်း + ကွန်ပျူတာခန်း

About Project

သစ္စဝေဒဂူကျောင်းဆရာတော်သည် ၂၀၀၀ ခုနှစ်တွင် လှူဒန်းသော ကျောင်းမြေနေရာကိုရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဘုနး်တော်ကြီးသင်ပညာရေး‌ကျောင်းကိုစတင်ထူထောင်ခဲ့သည်။ KG မှ Grade 10 အထိသင်ကြားပေးနေပြီး  ကျောင်းသားဦးရေ ၉၄၈ ဦးရှိသည်။ ကျောင်းသားအားလုံးသည် ကျောင်းအိပ်ကျောင်းစားနေပြီး ပညာ သင်ကြားကြပြီး ပညာရေး ၊ စားဝတ်နေရေးကိုပါ တာဝန်ယူပေးထားရသောကျောင်းဖြစ်သည်။ အသက်အငယ်ဆုံး ၁ နှစ်မှ တက္ကသိုလ်ဝင်တန်းအထိရှိပြီး ကြီးစဉ်ငယ်လိုက် တာဝန်ယူစောင့်ရှောက်ကြသည်။ ဆရာတော်မှ ကျောင်းသားကျောင်းသူများကို စက်ချုပ်ခြင်းနှင့် အခြားအတတ်ပညာများအား သင်ကြားပေးသည်။ ဆရာတော်သည် စီမံခန့်ခွဲမှုပညာ နှင့် စာရိတ္ထ ပညာကို အလွန်ပင်အလေးထားသည်ကို တွေ့ရသည်။

ထိုကျောင်းသည် ပညာရေးခါးပြတ်နေသည့် ကလေးငယ်အများစုအတွက် ရည်ရွယ်ဖွင့်လှစ်ထားသင်ကြားပေးသည့် အတွက် အတန်းငယ်များတွင် အသက်ကြီးသည့် ကျောင်းသားများကိုတွေ့ရသည်။ ကျောင်းတွင်တက္ကသိုလ် တက်ရောက်နေသော ကလေးများက ၉ တန်း ၁၀ တန်းကလေးများအား ညပိုင်းစာသင်ကြားပေးခြင်းနှင့် အခြားအသက်မွေးဝမ်းကြောင်းပညာများကိုလည်း သင်ကြားပေးသည်။

‌ယောင်္ကျားလေးများကို ကိုရင်ဝတ်ပေးခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်သည်။ ကျောင်းတွင်ယာယီ‌ဆောင် ၁၀ ခန်းရှိသည်။ အတန်းကြီးကျောင်းသားများပြီး စာသင်ခန်းအခက်အခဲရှိသည်။ ဝိပဿနာတရားထိုင်သည့် အလှူရှင်များက ထိုစာသင်ခန်းဆောင်များအား ကိုရင်များအိပ်ဆောင်အဖြစ် လှူဒါန်းခဲ့ကြောင်းသိရသည်။ ဆရာတော်သည် သက်တော်ကြီးပြီဖြစ်သော်လည်း ကလေးများအတွက် ခက်ခဲပင်ပန်းစွာဆောင်ရွက်နေရသည်ကို တွေ့မြင်ရသဖြင့် အခန်း ၁၀ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

နောက်တစ်နှစ်တွင် စာသင်ဆောင်သစ်မပြီးခင် ဆောက်လုပ်မှုအခြေအနေကို သွားရောက်ကြည့်ရှုသောအခါ ကျောင်းသားဦးရေ ၁၁၅၀ ဦးအထိ တိုးတက်များပြားလာသည့်အတွက် စာသင်ခန်း ၃ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကို ပထမကျောင်းဆောင်နှင့် တွဲဆက်၍ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။

ထို့ကြောင့် စာသင်ခန်း ၁၆ ခန်းပါသော နှစ်ထပ်ကျောင်းဆောင်အပြင် ကလေးများအရည်အချင်းပိုမိုမြင့်မားစေရန် အတွက် ကွန်ပျူတာ ၃၁ လုံးကိုပါလှူဒါန်းပေးခဲ့ပါသည်။

 

Project Location