ဆွေသဟာကျောင်း

Date of Project : 2018
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : ၁၆လမ်း၊၈၇ x ၈၈ ကြား၊ မန္တလေး။
Categories : (၈ခန်းပါ၂ထပ်+၄ခန်းပါ၂ထပ်)=စုစုပေါင်း စာသင်ခန်း၁၂ခန်း+၂၀x၈၀ အိပ်ဆောင်နှင့်ကုတင်

About Project

ဆွေသဟာကျောင်းသည် ယခင် ပရိယတ္ထိ ဘုန်းကြီးကျောင်းတစ်ကျောင်းသာဖြစ်ပြီး ၎င်းနှင့်မျက်နှာချင်းဆိုင်တွင် ဘ/ကကျောင်းတစ်ကျောင်းရှိခဲ့သည်။ ထို ဘ/ကကျောင်းအုပ်ဆရာတော် ပျံလွန်တော်မူသောအခါ အမွေ ဆက်ခံသောဆရာတော်မှ ဘ/ကကျောင်းဆက်မလုပ်လိုသဖြင့် ဆွေသဟာကျောင်းအား လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဆွေသဟာကျောင်းသည် မူလွန်ကျောင်းအဖြစ်သင်ကြားခဲ့ပြီး ကျောင်းဖွင့်စတွင် မိမိကျောင်းရှိ ကျောင်းအိပ် ကျောင်းစား ၁၂၀ ကျော်ကို ယာယီကျောင်းဆောင်များ ဆောက်လုပ်သင်ကြားပေးသည်။ ထို့နောက် အပြင်မှ လာအပ်သောကျောင်းသားများကိုပါ လက်ခံသင်ကြားပေးရန်အတွက်‌ ကျောင်းဆောင်လျှောက်ထားလာခဲ့သည်။ ဆရာတော်သည် ကလေးများအတွက် စဉ်းစားလုပ်ကိုင်ပေးသူဖြစ်တာကြောင့် ကိုရင်ငယ်များအတွက် နှစ်ထပ် ကုတင်ပါ တစ်ထပ်အိပ်‌ဆောင်နှင့် အခန်း ၈ ခန်းပါ နှစ်ထပ်ကျောင်း‌ဆောင်ကို လှူဒါန်းခဲ့ပါသည်။ ကျောင်းဆောင်များအားလုံး ပြီးစီးသွားသောအခါတွင်လည်း ပြောင်းလဲလာသော ပညာရေးစနစ်သစ်အတွက် အခန်းများထပ်မံလိုအပ်မှုကိုဖြေရှင်းနိုင်ရန် စာသင်ခန်း ၄ ခန်းပါ ၂ ထပ်ကျောင်းဆောင်တစ်ဆောင်ကိုပါ ထပ်မံလှူဒါန်းခဲ့ပါတော့သည်။

Project Location