
ရွှေစင်မင်းသီလရှင်ကျောင်း
Date of Project : | 2019 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ၁၃-ညံကွဲ (၁)ရပ်ကွက်၊ ပြင်ဦးလွင်မြို့။ |
Categories : | ၁၆ခန်းပါ၃ထပ်စာသင်ဆောင်+၃ထပ်မိန်းကလေးအိပ်ဆောင်အတွက်ကုတင်+ ကွန်ပျူတာခန်း |
About Project
ရွှေစင်မင်းသီလရှင်ကျောင်းတွင် စာသင်ခန်း ၁၂ ခန်းပါ နှစ်ထပ်ကျောင်းဆောင်ရှိသော်လည်း ယိုယွင်း ပျက်စီးနေသဖြင့် မိန်းကလေးအိပ်ဆောင်အဖြစ်သို့ ပြောင်းလဲထားပြီး ထိုင်ဝမ်နိုင်ငံမှဆရာတော် Hitao နှင့် အလှူရှင်များကလှူဒါန်းထားသော သုံးထပ်ဓမ္မာရုံဘုန်းကြီးကျောင်းဆောင်ထဲတွင် စာသင်ကြားနေကြရသည်။ မူလတန်းလွန်ကျောင်းဖြစ်ပြီး ကျောင်းသားဦးရေ ၈၃၅ ဦးရှိကာ အထက်တန်းအဆင့်အတွက် အနီးအနားရှိ အစိုးရကျောင်းတွင် သင်ကြားကြရပြီး ကျောင်းကားဖြင့် ကြိုပို့စီစဉ်ပေးသည်ဟု သိရသည်။
ထိုအခြေအနေများကြောင့် သီလရှင်ဆရာကြီးမှာပင်ပန်းခက်ခဲပြီး စာသင်ဆောင်လည်း အရေးတကြီး လိုအပ်လျက်ရှိပြီး ကျောင်းအခြေအနေကို လေ့လာကြည့်သည့်အခါတွင်လည်း ပျက်စီးယိုယွင်းနေသည့် ကျောင်း ဆောင်တွင်စာသင်ရာမှာ အလွန်အန္တရယ်ရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့် ထိုကျောင်းဆောင်နေရာတွင် ၁၆ ခန်း ၄ ထပ်စာသင်ဆောင် တစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ကွန်ပျူတာ ၃၁ လုံးနှင့် မိန်းကလေး အိပ်ဆောင်အတွက် ကုတင်များကိုပါ လှူဒါန်းပေးခဲ့သည်။