
ဖက်ရှည်ကျောင်း
Date of Project : | 2017 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ဖက်ရှည်ရွာ၊အုန်းရုံးအုပ်စု၊သပိတ်ကျင်း။ |
Categories : | (၈ခန်းပါ ၂ထပ်စာသင်ဆောင်+၂ခန်းပါ၂ထပ်စာသင်ဆောင်)စုစုပေါင်း၁၂ခန်း+ရေလွဲစီမံကိန်း+ကွန်ပျူတာခန်း |
About Project
ဖက်ရှည်ကျောင်းသည် KG မှ Grade 8 အထိသင်ကြားပေးနေပြီး ကျောင်းသားဦးရေ ( ၈၃၅ ) ဦးရှိသည်။ ထိုကျောင်းတွင် စာသင်ခန်း ၈ ခန်းပါသည့် ၂ ထပ်ကျောင်းဆောင်တစ်ခုရှိပြီး တခြားကျောင်းဆောင်များမှာမူ ထရံဖြင့်သာကာရံထားပြီး ခိုင်ခန့်မှုမရှိတော့သော ယာယီကျောင်းဆောင်များသာဖြစ်သည်။ ယာယီကျောင်းဆောင် များ၏အခြေအနေမှာလည်း မိုးလုံလေလုံမဟုတ်သည့်အတွက် မိုးများသည့်ရက်များတွင်ကျောင်းပိတ်ထားရသည့် အခြေအနေဖြစ်သည့်အတွက် စာသင်ခန်း ၈ ခန်းပါ ၂ ထပ်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
ထိုကဲ့သို့ဆောက်လုပ်ပြီးစီးသွားပြန်သော်လည်း ပညာရေးစနစ်သစ်ကြောင့် အတန်းများတိုးလာသည့်အတွက် စာသင်ခန်းလိုအပ်မှုက ထပ်မံပေါ်ပေါက်လာပြန်သည်။ တောင်ပေါ်ဒေသဖြစ်သည့်အပြင် မြို့နှင့်လည်း အလှမ်းဝေးသောကြောင့် စာသင်ခန်း ၄ ခန်းပါ ၂ ထပ် ကျောင်းဆောင်နှင့် ကွန်ပျူတာ ၃၁ လုံးကိုပါ လှူဒါန်းခဲ့ပါသည်။
အိမ်ထောင်စု ၉၀၀ ကျော်ရှိပြီး လူဦးရေ ၅၃၀၀ ဝန်းကျင်ခန့်ရှိသော်လည်း သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့် အရပ်ဒေသလည်းဖြစ်သောကြောင့် တောင်ပေါ်မှရေကို ကျေးရွာအထိ တူးမြောင်းဖောက်လုပ် သည့်လုပ်ငန်းအတွက် လည်းတတ်စွမ်းသလောက်လှူဒါန်းပေးခဲ့သည်။