မာဂဓီ-သာစည်ကျောင်း

Date of Project : 2015
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : ကြေးတိုင်စု(၂)လမ်း၊အရှေ့ဒဂုံ။
Categories : ၈ခန်းပါ၂ထပ်+၆ခန်းပါ၃ထပ်+၆ခန်းပါ၃ထပ်

About Project

မာဂဓီ-သာစည်ကျောင်းသည် ယာယီ‌ဆောင်တစ်ခုနှင့် ပန်းသီးဖောင်ဒေးရှင်းမှလှူဒါန်းထားသော ၄ ခန်း ၂ ထပ် စာသင်ဆောင်တစ်ဆောင်သာရှိသည့် ကျောင်းဖြစ်သည်။ ထိုကျောင်းသည် ဆရာတော်ကိုယ်တိုင် စာသင်ကြား ပေးပြီး သင်ကြားမှုကောင်းသော ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။ ကျောင်းသားဦးရေ များပြားပြီးစာသင်ခန်း မလုံလောက်မှုကြောင့် စာသင်ခန်း ၈ ခန်းပါ ၂ ထပ်ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းဆောင် ဆောက်လုပ်ပြီးစီးသည့်နောက်တွင် ကျောင်းသားဦးရေမှာ ၉၀၀ ကျော်အထိတိုးတက် လာခဲ့သည်။ ဆရာတော်သည် မူလတန်းကျောင်းမှ မူလတန်းလွန်ကျောင်းအထိ ဖွင့်လှစ်သင်ကြားပေးရန် ရည်သန် နေသောကြောင့် ယာယီကျောင်းဆောင်နေရာတွင် စာသင်ခန်း ( ၆ ) ခန်းပါ ( ၃ ) ထပ်‌ဆောင်တစ်ခုကို ဒုတိယအကြိမ်ထပ်မံလှူဒါန်းခဲ့ပါသည်။ စာသင်ဆောင်ပြီးမြောက်ပြီးနောက်တွင် ကျောင်းသားဦးရေမှာ ၁၀၀၀ ကျော်အထိတိုးတက်လာခဲ့သည်။ စနစ်သစ်ပညာရေးစနစ်အရ မူလတန်းလွန်ကျောင်းသည် အနည်းဆုံး Grade 9 အထိ သင်ကြားရမည်ဖြစ်သဖြင့် ယခုကျောင်းသားဦးရေအတိုင်း တိုးတက်သင်ကြားနိုင်ရန်အတွက် ယာယီ‌ဆောင် တစ်ဆောင်နေရာတွင် စာသင်ခန်း ( ၆ ) ခန်းပါ သုံးထပ်ကျောင်းဆောင်တစ်ခုကို တတိယအကြိမ် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့် မာဂဓီ-သာစည်ကျောင်းတွင် စုစုပေါင် စာသင်ခန်းပေါင်း ( ၂၀ ) ကိုလှူဒါန်းဖြစ်ခဲ့သည်။

Project Location