
မာဃိန္ဒာရာမကျောင်း
Date of Project : | 2018 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ဥယျာဉ်ငယ်ရွာ၊မြောင်းဆုံကျေးရွာအုပ်စု၊စဉ့်ကိုင်မြို့နယ်။ |
Categories : | ၈ခန်းပါ ၂ထပ်စာသင်ဆောင်+၂၀x၇၀ အိပ်ဆောင်နှင့်ကုတင် |
About Project
ထိုကျောင်းစတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၅ နှစ်ရှိပြီဖြစ်သည်။ ယခင် ပရိယတ္ထိစာသင်တိုက်သာဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ဘက ကျောင်းအဖြစ်ပူးတွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဘ/က ကျောင်း တွင် အထက်တန်းပညာရေး အထိ သင်ကြားပေးကာယခုဆိုလျှင် ကျောင်းသားဦးရေ ၅၀၀ နီးပါးရှိလာပြီဖြစ်သည်။ ကျောင်းဆောင်တစ်ဆောင် ရှိပြီး စာသင်ခန်း ၄ ခန်းနှင့် ရုံးခန်းတစ်ခန်းပါဝင်သည်။ ကျန်အတန်းများမှာ ယာယီကျောင်းဆောင်များတွင် သင်ကြားကြရသည်။ စာသင်ကျောင်းဆောင်မလုံလောက်ရုံမျှမက ကျောင်းအိပ်ကျောင်းစားများအတွက် အိပ်ဆောင်လည်း လိုအပ်လျှက်ရှိသည့် ကျောင်းဖြစ်သည်။
ထို့ကြောင့်စာသင်ခန်း ၈ ခန်းပါ ၂ ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ၂ ထပ်ကုတင်ပါ အိပ်ဆောင်တစ်ဆောင် တို့ကိုပါလှူဒါန်းဖြစ်ခဲ့ပါတော့သည်။