
မြင်သာမြို့ဦးကျောင်း
Date of Project : | 2016 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ဖိုးခေါင်းလမ်း၊၁၄/၂ရပ်ကွက်၊မြင်သာ၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်း။ |
Categories : | ၃၆ ခန်းပါ ၆ ထပ်စာသင်ဆောင်+၆၅x၉၀ ၅ထပ်အိပ်ဆောင်+သိပ္ပံခန်း+ကွန်ပျူတာခန်း။ |
About Project
မြင်သာကျောင်းသည် ကျောင်းဆောင်သန့်ရှင်းသပ်ရပ်ပြီး ကျောင်းသားကလေးများမှာလည်းစည်းကမ်းရှိ ကြသည့် ကျောင်းဖြစ်ကြသည်။ ဆရာတော်သည်လည်း ကျောင်းစာအပြင် အသက်မွေးဝမ်းကြောင်းပညာ ရပ်များဖြစ်သည့် လက်မှုပညာ၊ သံချည်သံကွေးပညာ၊ စတီးပညာရပ် ၊ ကွန်ပျူတာပညာရပ်များကိုလည်း သင်ကြားပေးသည်။ စာသင်ခန်းမှာ ( ၉ ) ခန်းသာရှိပြီး KG မှ Grade 10 အထိ ကျောင်းသား ၈၀၀ ကျော်ပညာ သင်ကြားနေကြသည်။ ကျောင်းသားများပြားပြီး စာသင်ခန်းမလုံလောက်သောကြောင့် အချို့အတန်းများသည် ယာယီဆောင်တွင် သင်ကြားရပြီး နှစ်ချိန်ကျောင်းအဖြစ်လည်း ဖွင့်လှစ်ထားရသည်။ မြင်သာကျောင်းသည် အောင်ချက် ကောင်းမွန်သောကျောင်းဖြစ်သလို ဆရာတော်၏ ကျောင်းအပေါ်ထိန်းသိမ်းနိုင်မှုသည် လွန်စွာ ကောင်းမွန်သောကြောင့် မြင်သာမြို့ဦးကျောင်းကို ထိုမြို့နယ်တွင်အကောင်းဆုံး ဘကကျောင်းအဖြစ် ပြောင်းလဲ နိုင်ရန်ရည်မှန်းကာ စာသင်ခန်း ၃၆ ခန်းပါဝင်သည့် ၆ ထပ်ကျောင်းဆောင်ကိုလှူဒါန်းခဲ့သည်။
မြင်သာမြို့ဦးကျောင်း၏ ကျောင်းအိပ်ကျောင်းစားကလေးငယ် ပေါင်း ( ၄၀၀ ) ကျော်ကိုလည်း ကောင်းမွန်စွာ အိပ်စက်နိုင်စေရန် ၅ ထပ်ကျောင်းဆောင်ကိုလည်းလှူဒါန်းပေးခဲ့သည်။ ထို့ပြင် ကွန်ပျူတာစာသင်ခန်း ( ၂ ) ခန်းစာ အတွက် ကွန်ပျူတာ ( ၈၂ )လုံးနှင့်အတူ လက်တွေ့သိပ္ပံခန်းသုံးပစ္စည်းများကိုလည်းလှူဒါန်းခဲ့သည်။