
မှန်စီကျောင်း
Date of Project : | 2017 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | အမှတ်(၄)မှန်စီရပ်၊မတ္တရာမြို့၊မန္တလေးတိုင်း။ |
Categories : | ၆ ခန်းပါ ၁ထပ်စာသင်ဆောင် + ၃၀x၇၀ အိပ်ဆောင် + ၂၀x၃၀ အိပ်ဆောင်၂ဆောင်+ကုတင်+ကွန်ပျူတာခန်း |
About Project
မှန်စီကျောင်းသည် အထက်တန်းကျောင်းသားကျောင်းသူများကို ကျောင်းအိပ်ကျောင်းစားအဖြစ် ထားရှိပညာသင် ကြားပေးသည့် ကျောင်းဖြစ်သည်။ စာသင်ခန်း ( ၃ ) ခန်းပါ အဆောင် ၂ ဆောင်ရှိသည်။ ဆရာတော်သည် အလယ်တန်းနှင့်အထက်တန်းအတွက်သာ ကျောင်းဖွင့်လိုသော်လည်း ဘကကျောင်းဖွင့်လျှင် KG မှစတင်သင်ကြား ပေးရသည့်အတွက် အတန်းငယ်များတွင်လည်း ကျောင်းသားဦးရေနည်းပါးသည်။
ဆရာတော်သည် အထူးသဖြင့် မိန်းကလေးကျောင်းသူများအတွက်လုံခြုံမှုရှိသည့် မိန်းကလေးအိပ်ဆောင်ကို အလေးပေးစဉ်းစားခဲ့သည်။ ကျောင်းအိပ်ကျောင်းစားကျောင်းသူ ၁၈၀ ကျော်ရှိနေပြီး နေရာလုံလောက်မှု မရှိသောကြောင့် ကျဉ်းကျပ်အဆင်မပြေဖြစ်သော်ငြား သန့်ရှင်းသပ်ရပ်မှုရှိစွာနေထိုင်ကြသည်ကို မြင်တွေ့ခဲ့ရသည်။
ကျောင်းသား ၁၄၀ ဦး နှင့် ကိုရင်အပါး ၄၀ တို့မှာ ဘုန်းကြီးကျောင်းဆောင်များတွင် ဖြစ်သလို အိပ်နေရသည်ကိုတွေ့ရသည်။ ထို့ကြောင့် နှစ်ထပ်ကုတင်ပါ ယောင်္ကျားလေးအိပ်ဆောင်တစ်ဆောင်နှင့် စာသင်ခန်း ( ၆ ) ခန်းပါ တစ်ထပ်စာသင်ဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
စာသင်ဆောင်အခန်းများရရှိပြီးနောက် ကျောင်းအိပ်ကျောင်းစားကလေးငယ်များ များပြားလာသည့်အတွက် အိပ်ဆောင်များ ထပ်မံလိုအပ်လာခဲ့ပြန်သည့်အတွက် နှစ်ထပ်ကုတင်ပါမိန်းကလေးအိပ်ဆောင် ၂ ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ သန့်ရှင်းသပ်ရပ်ပြီးစည်းကမ်းကောင်းမွန်မှုတို့ကြောင့် မှန်စီကျောင်းတွင် ကွန်ပျူတာ ၃၁ လုံးကိုပါလှူဒါန်းခဲ့သည်။