ရွှေလှေကျောင်းသည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ပြီး ရေကြောင်းခရီးဖြင့်သွားရောက်ရသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည့် နေရာဖြစ်တာကြောင့် အခြားအစိုးရကျောင်းများ ၊ အခြား ဘ/ကကျောင်းများသို့ သွားရောက်ပညာသင်ယူရန်ခက်ခဲသည်။ ကျောင်းပြင်ပ ပညာရေးကိုလည်း သင်ကြားပေးသည့် ကျောင်းဖြစ်သည်။ ကျောင်းသား ၁၈၅ ဦးရှိပြီး ယာယီဆောင် များဖြင့်သာ သင်ကြားရသည့် ကျောင်းလည်းဖြစ်သည်။ ထို့ကြောင့် စာသင်ခန်း ၄ ခန်းပါ တစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် ကွန်ပျူတာ ၆ လုံးလှူဒါန်းပေးခဲ့သည်။