လွင်ဦးကျောင်း

Date of Project : 2019
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : ကင်းရွာ၊ တောင်ကံအုပ်စု၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း။
Categories : ၅ ခန်းပါ ၁ ထပ်စာသင်ဆောင်။

About Project

လွင်ဦးကျောင်းသည် မတ္တရာမြို့နယ်အတွင်းရှိ မြို့နှင့်အလှမ်းဝေးသည့် ကျောင်းတစ်ကျောင်းဖြစ်ကာ မှန်စီ ဆရာတော်မှကူညီဆောင်ရွက်ပေးနေသည့် ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။ ကျောင်းသားဦးရေ ( ၂၆၀ ) ကျော်ရှိပြီး စာသင်ကျောင်းဆောင်မှာ မြေစိုက်ထရံကာသွပ်မိုးကျောင်းဆောင်ဖြစ်သည်။ KG စသောကလေး ငယ်များမှာ ယာယီကျောင်းဆောင်တွင်သာ သင်ကြားနေကြရသည့်အတွက် ကလေးများကောင်းမွန်လုံခြုံစွာ သင်ကြားနိုင်မည့် စာသင်ဆောင်တစ်ဆောင်ကို ဆရာတော်မှအလှူခံလာသည့်အတွက်  စာသင်ခန်းငါးခန်းပါ တစ်ထပ်စာသင်‌ဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။

Project Location