
သမိုင်းသစ်ကျောင်း ( ၃၁ ) ဘုံကျေးရွာ
Date of Project : | 2017 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | သုံးဆယ့်တစ်ကျေးရွာ၊သပိတ်ကျင်းမြို့နယ် |
Categories : | ၇ ခန်းပါ ၁ ထပ်စာသင်ဆောင်+၁၈x၉၀ အိပ်ဆောင်+၂၄x၆၅ နှစ်ထပ်အိပ်ဆောင်+ကုတင် + ကွန်ပျူတာခန်း |
About Project
သမိုင်းသစ်ကျောင်းသည် မန္တလေးမှ ကားဖြင့် ၃ နာရီခွဲကျော်သွားရပြီး သပိတ်ကျင်းမြို့နယ်၏ လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့်နေရာတွင်ရှိသည်။ ကျောင်းသားမိဘများသည် အများအားဖြင့် ရွှေတွင်းတူးအလုပ်သမားများ ဖြစ်ကာ လုပ်ငန်းများကျဆင်းလာချိန်တွင် ကြုံရာကျပန်းအလုပ်မျးကိုသာလုပ်ကိုင်ရပြီး ခက်ခဲပင်ပန်းစွာ နေထိုင်ရသည့် အခြေအနေဖြစ်သည်။
ကျောင်းအုပ်ဆရာတော်သည် ထိုဒေသသို့ အသက် ၂၀ အရွယ်တွင်ရောက်ရှိခဲ့ပြီး အလယ်တန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် ကလေးငယ်များအတွက်ရည်ရွှယ်ကာ ၂၀၀၄ ခုနှစ်တွင် သမိုင်းသစ်ကျောင်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာသည်အလယ်တန်းပညာရေးမရှိမဖြစ်သည့်နေရာဖြစ်ခြင်းကြောင့် မိန်းကလေး များသည် မူလွန်အဆင့်ပြီးလျှင် ကျောင်းဆက်မတက်နိုင်ဘဲ ကြုံရာကျပန်းလုပ်ရင်းအိမ်ထောင် ပြုကြသည်ကများသည်။ ထို့ကြောင့်ဆရာတော်သည် အချိန်ရလျှင်ပတ်ဝန်းကျင်တွင် တရားဟောခြင်းဖြင့် အလှူခံပြီးကျောင်းဆောင် ဆောက်လုပ်နိုင်ရန်ကြိုးပမ်းခဲ့သည်။ Grade 10 အထိလက်ခံသင်ကြားပေးသောကြောင့် ကျောင်းသားများပြားလွန်းလှသော်လည်း စာသင်ခန်း နှင့် အိပ်ဆောင်မှာလုံလောက်မှုမရှိသည့်အတွက် ဆရာတော်ရရှိထားသည့် အလှူငွေများဖြင့် အခန်း ၆ ခန်းပါ တစ်ထပ်ကျောင်းဆောင်ကို စတင်ဆောက်လုပ် ခဲ့သည်။ သို့သော်အလှူငွေအပေါ် မှီခိုဆောက်လုပ်ရသည့်အတွက် အဆောက်အဦမှာ မပြီးပြတ်နိုင်ဘဲ ရှိနေခဲ့သည်။ ထို့ကြောင့် မပြီးပြတ်သေးသည့် ကျောင်းဆောင်အတွက်လှူဒါန်းခဲ့ပြီး ၂ ထပ်ကုတင်ပါ မိန်းကလေးအိပ်ဆောင် တစ် ဆောင်၊ ယောင်္ကျားလေးအိပ်ဆောင်တစ်ဆောင်နှင့် ကွန်ပျူတာ ၃၁ လုံးကိုထပ်မံလှူဒါန်းခဲ့သည်။ သမိုင်းသစ်ဆရာတော်သည် မိမိကျောင်းဆောင်လက်ခံရရှိသကဲ့သို့ အခြားသောကျောင်းများကိုပါ ရရှိစေ လိုသော ဆန္ဒဖြင့် ကွင်း ၃၀ ၊ ဝက်သေ ၊ ဖက်ရှည် ၊ ချောင်းကြီး ၊ တကောင်းရွှေပြည် နှင့် အောင်ဇေယျာစသော ကျောင်းများကိုပါ မိတ်ဆက်ပေးခဲ့သည်။ ထိုသို့မိတ်ဆက်ပေးရုံမျှမကသေးဘဲ လိုက်လံ ပြသပို့ဆောင်ပေးခဲ့သော ကြောင့် ထိုကျောင်းများအတွက်ပါလှူဒါန်းဖြစ်ခဲ့သည်။