
ဓမ္မနန္ဒကျောင်း
Date of Project : | 2018 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | အုတ်အင်းရပ်ကွက်၊မိုးကုတ်မြို့ အနောက်ပိုင်း။ |
Categories : | ၈ခန်းပါနှစ်ထပ်စာသင်ဆောင် + ကွန်ပျူတာခန်း |
About Project
ဓမ္မနန္ဒကျောင်းသည် နိုင်ငံခြားသားများကို အဝင်အထွက်ကန့်သတ်ထားသည့် မြန်မာနိုင်ငံ၏ပတ္တမြားထွက်ရှိရာ အထင်ကရနေရာတွင် တည်ရှိသည်။ ထို့ကြောင့် အလှူရှင်နည်းပါးပြီး ဒေသခံများ၏အလှူငွေဖြင့်သာ ရပ်တည်သည့်ကျောင်းဖြစ်သည်။ ထိုကျောင်းသည် အနီးအနားရှိ ကျောက်တူးအလုပ်သမားမိသားစုဝင်များ၏ သားသမီးများနှင့် ပညာရေးအခက်အခဲရှိသည့်ရွာများမှ ကလေးများမှီခိုအားထားပညာသင်ကြားရသည့် ကျောင်းဖြစ်သည်။ မူလတန်း အောင်မြင်ပြီးမြောက်သည့်ကလေးများသည် အလယ်တန်းနှင့်အထက်တန်း ပညာရေးအတွက် ဓမ္မနန္ဒကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ပြီး ပညာသင်ကြားကြရသည်။
၂ ထပ်ကျောင်းဆေင်တစ်ခုသာရှိပြီး စာသင်ခန်း ၃ ခန်းသာရှိသည်။ စာသင်ခန်းလုံလောက်မှုမရှိသည့်အတွက် နေ့ဘက်တွင်စာသင်ကြားပြီး ညဘက်တွင်အိပ်ဆောင်အဖြစ်အသုံးပြုသည်။ KG မှ Grade 10 အထိ ကျောင်းသားကျောင်းသူ ၄၀၀ ကျော်ရှိသည်။ ကျောင်းဆောင်မလုံလောက်မှုကြောင့် ကျောင်းဆောင်အလှူခံခဲ့ရာ ပန်းသီးဖောင်ဒေးရှင်းမှ စာသင်ခန်း ၈ ခန်းပါ ၂ ထပ်ကျောင်းဆောင် ကိုလှူဒါန်းခဲ့သည်။ သွားရေးလာရေး လည်းခက်ခဲလှသည့် ကျောင်းဖြစ်သည်မို့ ကလေးများကွန်ပျူတာပညာလေ့လာနိုင်ဖို့အတွက်လည်း ကွန်ပျူတာ ၃၁ လုံးကိုလည်းလှူဒါန်းခဲ့သည်။