
ရတနာအောင်မြေကျောင်း ( ဝက်သေ )
Date of Project : | 2017 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ဝက်သေရွာ၊သပိတ်ကျင်း။ |
Categories : | ၆ ခန်းပါ ၂ ထပ်စာသင်ဆောင်(၂၃x၆၀) + ကွန်ပျူတာခန်း |
About Project
အမှတ် ( ၉ ) ကျောင်းသည် KG မှ Grade 8 အထိသင်ကြားပေးနေပြီး ကျောင်းသားဦးရေ ၃၀၀ ကျော် ရှိသည်။ စာသင်ကျောင်းဆောင်သည် ၂ ထပ်ကျောင်းဆောင်ဖြစ်ပြီး အပေါ်ထပ်မှာ အခန်းကာရံမထားသည့် ဟောခန်း ဖြစ်သည်။ ထိုကျောင်းဘေးတွင် အလှူရှင်များ၏စုပေါင်းငွေဖြင့် ဆောက်လုပ်နေသော ကျောင်းဆောင်တစ်ဆောင် ရှိပါသည်။ ထိုကျောင်းသည် အလှူငွေမလုံလောက်သဖြင့် ဆက်မဆောက်နိုင်ဘဲ ရပ်ထားရသဖြင့် အပြီးသတ် ဆောက်လုပ်နိုင်ရန် အတွက် ပန်းသီးဖောင်ဒေးရှင်းသို့ အကူအညီတောင်းခံလာခဲ့သည်။
ထိုကျောင်းသည် စည်းကမ်းကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်သော ကျောင်းတစ်ကျောင်းဖြစ်ခြင်းကြောင့် မပြီးပြတ် သေးသောကျောင်းအတွက် ကူညီလှူဒါန်းပေးခဲ့သည်။ ထို့ပြင် ကွန်ပျူတာ ၃၁ လုံးကိုပါ လှူဒါန်းဖြစ်ခဲ့သည်။