အောင်မြေဦးကျောင်း

Date of Project : 2017
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : သောတာပန်ရပ်၊စစ်ကိုင်းမြို့။
Categories : (၁၂ခန်းပါ၃ထပ်+၃ခန်း+၁၂ခန်း၃ထပ်)=စုစုပေါင်းစာသင်ခန်း၂၇ခန်း+ ကွန်ပျူတာစာသင်ခန်း, ၃၈x၆၀ ၂ထပ်အိပ်ဆောင်နှင့်ကုတင်+၂၈ပေx၆၀ပေ ပထမထပ်အိပ်ဆောင်နှင့်ကုတင် မြေညီထမင်းစားခန်း

About Project

အောင်မြေဦးကျောင်းတည်ရှိသည့် နေရာသည် သီလရှင်ဆရာလေးများ အများအပြားနေထိုင်သည့် အရပ်ဖြစ်သည့် အတွက် ထိုသီလရှင်လေးများမှီခို၍ ပညာသင်ကြားရသည့် ကျောင်းလည်းဖြစ်သည်။ ကျောင်းဝင်းမြေနေရာ ၃ ခုရှိ၍ကျောင်းသားဦးရေ ၂၆၀၀ ကျော် သည်။ ပထမကျောင်းဝင်းတွင် စာသင်ခန်း ၃၃ ခန်းရှိပြီး အချို့အခန်းများမှာ ဝါးတဲ ၊ သက်ငယ်တဲနှင့် ယာယီ‌ဆောင်များဖြစ်ကြသည်။ အချို့စာသင်ခန်းများတွင် ကိုရင်အပါး ၂၅၀ ခန့်အိပ်စက်ရသည်။

ဒုတိယကျောင်းဝင်းတွင် ထမင်းချက်ဆောင်၊ ထမင်းစားဆောင်နှင့် မိန်းကလေးအိပ်ဆောင် သေးသေးတစ်ခုရှိကြီး မိန်းကလေး ၃၅ ဦးနှင့် ဆရာမ ၂ ဦးနေထိုင်ကြသည်။ တတိယကျောင်းဝင်းတွင် စာသင်ဆောင်တစ်ဆောင်ရှိပြီး ထိုအဆောင်၏မြေအောက်ခန်းတွင် ကျောင်းသား ၃၀ ဦးအိပ်ကြပါသည်။ မြေညီထပ်တွင် စာသင်ကားကြပြီး အ‌ပေါ်ဆုံးထပ်တွင် ဆောက်လတ်စ သံတိုင်များသာရှိသည်။ မျက်စောင်းထိုး ယာယီဆောင်တစ်ခု၏ အပေါ်ထပ်တွင် မိန်းကလေး ၅၀ ဦးနှင့် ဆရာမ ၅ ဦးအိပ်သည်ဟုသိရသည်။ ထိုဝင်းအတွင်း မြေလွတ်အနည်းငယ် ရှိသည်ကိုတွေ့ရသည်။ ကျောင်းမြေနေရာအားလုံးကို လေ့လာကြည့်ရှုပြီးသောအခါတွင် ထိုကျောင်း၏ အနေအထားကို သေချာစဉ်းစားခဲ့ရသည်။

ထို့နောက်ဒုတိယကျောင်းဝင်းရှိ ထမင်းစားဆောင်နေရာတွင် နှစ်ထပ်ဆောင်ဆောက်လုပ်၍ ပထမထပ်တွင် ထမင်းစားခန်း ၊ဒုတိယထပ်တွင် နှစ်ထပ်ကုတင်များနှင့် မိန်းကလေးအိပ်‌ဆောင်ဆောက်၍ မိန်းကလေးများနှင့် ဆရာမများကို အိပ်‌ဆောင်အသစ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။

တတိယကျောင်းဝင်းတွင်မူ စာသင်ခန်း ၁၂ ခန်းပါသော သုံးထပ်စာသင်ကျောင်းဆောင် တစ်ဆောင်ကို ဆောက် လုပ်လှူဒါန်းခဲ့သည်။

ထိုသို့ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် ကျောင်းရှိပြဿနာများ ပြေလည်သွားမည်ဟုထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျောင်းသားများ အဆမတန်များပြားလာသောကြောင့် ဆရာတော်က အိပ်ဆောင်နှင့် စာသင်ဆောင် လိုအပ်ကြောင်းထပ်မံ တောင်းဆိုခဲ့ပါတယ်။ ထို့ကြောင့် တတိယကျောင်းဝင်းရှိ အိပ်ဆောင်ဟောင်း နေရာတွင် ကျောင်းသား ၃၅၀ ဆံ့ နှစ်ထပ်အိပ်‌ဆောင်ကို နှစ်ထပ်ကုတင်များပါ ထည့်သွင်းဆောက်လုပ်ပေးခဲ့ပြီး မပြီးပြတ်သေးသော သုံးထပ်ဆောင်အပေါ်ထပ်ကိုလည်း အပြီးသတ်ပေးခဲ့သည်။ ထို့ပြင် စာသင်ခန်း ၁၂ ခန်းပါသော သုံးထပ်စာသင်ကျောင်းဆောင်တစ်ဆောင် ထပ်မံလှူဒါန်းဖြစ်ခဲ့ပြီး ကလေးများပိုမိုတိုးတက်လာစေရန် ကွန်ပျူတာစာသင်ခန်း ၂ ခန်းနှင့် ကွန်ပျူတာ ၆၂ လုံးတို့ကိုလှူဒါန်းပေးခဲ့သည်။

Project Location