မှန်နန်းကျောင်း

Date of Project : 2019
Project Type : ကျောင်းဆောင်ဆောက်လုပ်ခြင်း
Location : ရှမ်းပွဲရပ်၊ပျော်ဘွယ်မြို့၊ ရမည်းသင်းခရိုင်၊ မန္တလေးတိုင်း။
Categories : ၆ခန်းပါ ၂ထပ်စာသင်ဆောင်

About Project

မှန်နန်းကျောင်းသည် စာသင်ခန်း ၄ ခန်းပါ ကျောင်းဆောင်တစ်ခုသာရှိပြီး ကျန်အခန်းများသည် ယာယီ‌ဆောင် များသာဖြစ်သည်ကိုတွေ့ရသည်။ KG မှ  Grade 8 အထိကျောင်းသားကျောင်းသူ ၄၅၀ ကျော်ရှိပြီး ကျောင်းအိပ် ကျောင်းစားကလေးများမှာ တောင်တန်းဒေသများမှ လာရောက်နေထိုင်ပညာသင်ကြားကြသည့် ကလေးများ ဖြစ်သည်။ ကိုရင် ၁၃၂ ပါး နှင့်သီလရှင် ၅၉ ပါးရှိသည်။ မိန်းကလေးများသည် အခြားသီလရှင်ကျောင်းများတွင် နေထိုင်၍ကျောင်းသို့ လာရောက်ပညာသင်ကြားကြရသည်။ မိနစ် ၄၀ ခန့်သွားရသော အနီးနားရှိမူလတန်းကျောင်း ၂ ခုမှကလေးများသည် မူလတန်းအောင်၍အလယ်တန်းအဆင့်တက်ရောက်ရန် မှန်နန်းကျောင်းသို့လာကြရသည်။ ထိုသို့သောအခြေအနေရှိသည့်ကျောင်းအတွက် စာသင်ခန်း ၆ ခန်းပါ ၂ ထပ်ကျောင်း‌ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

Project Location